မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် စက်တင်ဘာ ၈

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက်၊ ယနေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ အထိမ်းအမှတ်နေ့ကြီး၊ ရက်ကြီးများကို အများပြည်သူများ သိရှိနိုင်စေရန်နှင့် အသိပညာဗဟုသု တရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာလေ့လာကြည့် ရှုခဲ့ကြောင်း သိရသည်။

ယင်းနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ ဉီးဖြိုးကြွယ်မြင့်၏ သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန် လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) ဥက္ကဋ္ဌ ဉီးဟန်ဝင်းစိုးက နိုင်ငံသားစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်သင်းသင်းဆွေက တာဝန်ယူမှု တာဝန်သိမှုကို မမှိတ်မသုန်ပြုပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်အသင်း(Youth Club)အဖွဲ့ဝင် မောင်အောင်ကိုဝင်းက နိုင်ငံသားနှင့် သူ၏အရည်အချင်းခေါင်းစဉ်ဖြင့်လည်း ကောင်း အသီးသီးဉီးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကလည်း သူ့အမြင်၊ ကိုယ့်အမြင် များကို ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)