မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်များဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်း မှတ်ပုံတင်ခြင်းစနစ် (ပုံစံ-၆၆/၆) များ e-ID ဆော့ဖ်ဝဲရိုက်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်​ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ငပု‌တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူနှင့် အတွင်းရေးမှူး မြို့နယ်ရဲမှူးမြင့်‌ ရွှေတို့လိုက်ပါ၍ ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး အိမ်ထောင်စုလူဦး‌ရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ ကို e-ID စနစ် ဖြင့် ဆော့ဖ်ဝဲရိုက်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ သည်။

မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင်   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမျာကို မြို့နယ် ကျန်းမာရေးဌာနမှ

ဇလွန်မြို့၌ လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကြာအင်း ကျေးရွာအုပ်စု စိန်ကလေးဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားအား ကော့သောင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက အထက(ခွဲ) အလက(၁)အဏ္ဏဝါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့်ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရမည်းသင်းမြို့နယ်၊အင် းပေါင်ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက အင်းပေါင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း (မြောက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့်အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်(၉) နာရီကသင်္ဂတုန်ကျေးရွာအတွင်း ရှိလမ်းဆုံ နေရာများတွင်  အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။      

ဝက်ထီးကန်တိုက်နယ် ရပ်ကွက်/ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံဖြစ်ပေါ်မှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်ဝက်ထီးကန်တိုက်နယ်တွင် စက်တင်ဘာ ၆ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းများအတွင်း ရေဝင်များကာ ရပ်ကွက်/ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့ဝင်များနှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၄၅၁၆၂ဧက စိုက်ပျိုးပြီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၄၅၁၆၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to