မိုင်းဆတ် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန် နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဝိန်းနေရပ်ကွက်နှင့် ဝိန်းဝိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များပါရှိသည့် နံရံကပ်ဘုတ်အား ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် က ဝိန်းနေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းထံသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ဝိန်းဝိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်သူကျော်ထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။
အဆိုပါ နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)