မရမ်းကုန်း စက်တင်ဘာ ၈
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အခြေခံကျသောအချက်မှာ နိုင်ငံသားအားလုံး စာတတ်မြောက်ရေးပင်ဖြစ်သည်နှင့်အညီ စက်တင်ဘာလ ၈ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ မြို့နယ်ရုံးဝန်ထမ်းများနှင့် စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၉:၀၀ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Talk Show တွင် ပါဝင်ဆွေးနွေးသူများက မြန်မာနိုင်ငံအနေဖြင့် ရှေးမြန်မာဘုရင်မင်းများလက်ထက်ကပင် စာတတ်မြောက်ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဘုန်းတော်ကြီးကျောင်းများမှလည်း အခြေခံအရေးအဖတ်နှင့် အတွက်အချက်များကို သင်ကြားပေး၍ စာပေတတ်မြောက်မှုကို တိုးပွားလာအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ၂၄နှစ်တာကာလအတွင်း သက်ကြီးစာမဖတ်သူ ပပျောက်ရေးအစီအစဉ် ချမှတ်ပြီ “အ” သုံးလုံးကျေ သင်တန်းများ ဖွင့်လှစ်၍ စာတတ်မြောက်လာအောင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယနေ့ခေတ်ပညာရေး တိုးတက်စေရေးအတွက် အဆင့်မြင့်ပညာရေးများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်နေသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)