မရမ်းကုန်း စက်တင်ဘာလ ၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲပိုင်း က မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ကံကော်လမ်းရှိ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်းတို့မှ ဦးစီး၍ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချသည့် အစားသောက်ကုန်များမှာ ဆန်၊ ဆီ၊ ကြက်ဥတို့ဖြစ်ပြီး ဆန်တစ်ပြည်လျှင် (၁၅၈၅/-) ကျပ်၊ ဆီ၁ပိဿာလျှင် (၅၃၀၀/-)ကျပ်နှင့် ကြက်ဥ ၁ လုံး (၁၇၅/-) ကျပ်နှုန်းဖြင့် ရောင်းချပြီး လာရောက်ဝယ်ယူသူများနှင့် ဖြတ်သန်းသွားလာသူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)