မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကာကွယ်ရေး အသိပညာပေး နှိုးဆော်

မင်းလှ စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့်  ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄ နှင့် ဘီအေ-၅ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ပေးခြင်းကို ယမန်နေ့ညနေ ၄ နာရီချိန်က လူအသွားလာများသောနေရာများနှင့် ရပ်ကွက်လမ်းများအတွင်း အသံချဲ့စက်ဖြင့် လည့်လှည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ “ကိုဗစ်-၁၉ ရောဂါ အိုမီခရွှန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄နှင့် ဘီအေ-၅ သည် ကမ္ဘာတစ်ဝှမ်း ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့မြန်မာနိုင်ငံအတွင်းတွင်လည်း ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုဖြစ်ပေါ်နေသည့်အတွက် ကူးစက်မှုနူန်း ကျဆင်းစေရန် ပြည်သူများအနေဖြင့် အကြိမ်ပြည့်ဆက်သွယ်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောပါ၊ နှာခေါင်းစည်းတပ်ဆင်ပါ၊ လူစုလူဝေးရှောင်ရှားပါ ဟု တိုက်တွန်းချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)