ကန့်ဘလူ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပထွက်သွားလာသူများ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန် အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမနနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သော မြို့မစျေးအနီးဝန်ကျင်နှင့် ယုဇနလမ်းနှင့် တပင်ရွှေထီးလမ်းဆုံတို့၌ အပြင်ထွက်သွားလာသူတိုင်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန် အသိပညာပေးခြင်းအနေဖြင့် နှာခေါင်းစည်း ၁၂၅၀ ခုကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)