အင်္ဂပူ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ် အချိန်မှ စတင်၍ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်း သက်သာစွာဖြင့် (ဒုတိယအကြိမ်) ရောင်းချပေးခဲ့သည်။
အခြေခံစားသောက်ကုန်များ ရောင်းချခြင်းကို အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ဆန်အိတ်(၁၀)ကို လည်းကောင်း၊ ကြက်ဥသုံးလုံးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ကြက်ဥ(၁၀၀၀)လုံးနှင့် လတ်ဆတ်သော ဟင်းသီး၊ ဟင်းရွက်မျိုးစုံတို့ကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက် ကုန်များရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းတို့မှ ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစားသောက်ကုန်များကို ပြည်သူများဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်ပြီး တစ်ပတ်လျင်(၂)ကြိမ် ရောင်းချ ပေးမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
မန်းကျော်(ပြန်/ဆက်)