လေးမျက်နှာမြို့နယ်တွင် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaignနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

လေးမျက်နှာ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းဆုံလမ်းခွများ၊ စျေးများတွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign နှင့် ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချရေး၊ ယာဉ်များစနစ်တကျ ရပ်နားထားရှိရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ အောင်မင်္ဂလာစျေးတွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန်  ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရေး Mask Campain ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အလေးထားလိုက်နာကြရန် အသိပညာပေးပြောကြားကာ စားသောက်ဆိုင် များတွင် မော်တော်ယာဉ်များ လမ်းဘေးချ၍ စနစ်တကျရပ်နားကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စျေးရောင်းစျေးဝယ် ပြုလုပ်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)