သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု (၆)လ ပြည့်ပြီးသူများ အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

သရက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ()လပြည့်ပြီးသူများ အပိုထပ်ဆောင်းကာကွယ်ဆေး(Booster) ထိုးနှံကြရန်နှင့် ရောဂါကာကွယ်ရေး အသိ/ သတိရှိကြရန် ယမန်နေ့ နေ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အနောက်ရပ် တောင်ပိုင်းရပ်ကွက်အတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

သရက်မြို့နယ်တွင် တတိယအကြိမ် အပိုထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရန် အကျုံးဝင်သူဦးရေ (၁၃၃၉၁) ဦးရှိပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးတိုင်း အကာအကွယ်ပေးနိုင်သည့် ကာလသည် ၆ လအထိသာရှိ၍ ပြည်သူ့ဆေးရုံနှင့်ရပ်ကွက်ကျေးရွာများတွင် ဆေးထိုးစုရပ်များ သတ်မှတ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး  ကာကွယ်ဆေးထိုးနှံမှု ၆ လ ပြည့်ပြီးသူတိုင်း ထပ်ဆောင်းကာကွယ်ဆေး (Booster) မဖြစ်မနေထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာရန် အသိ‌ပေးနှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်