ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ စက်တင်ဘာ ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့်စာပေမှ ရရှိသည့်ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးမှူးမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော''ခေါင်းဆောင်မှုနဲ့စီမံခြင်း'' စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်ယုမေမောင်မှ တန်ဖိုးရှိတဲ့ဘဝ၊ အဆင်းနှင့်အတက်၊ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ၊ ဦးဇော်ဝင်းဦးမှလောကဓံနှင့်အားမာန်၊ လူငယ်နှင့်အနာဂတ် စီမံကိန်း၊ စသည့် စာအုပ်ပါအကြောင်းအရာခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရ သည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်