မလှိုင် စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန် မှာကြား ချက်များအား မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မလှိုင်မြို့ မြို့မစည်ပင်သာယာဈေးကြီးပတ်ဝန်းကျင်နှင့် လူစည်ကားရာ နေရာများ၌ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲ မျိုးရိုးဗီဇပြောင်း အိုမီခရွှန်ရောဂါကူးစက်ခံရမှုသည် ပြည်တွင်း၌ ကူးစက်မှုများ ဖြစ်ပေါ်လျှက်ရှိသဖြင့် မလှိုင်မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အတွင်းနေထိုင်ကြသော ဆရာတော်အရှင်သူမြတ်များနှင့် မိဘပြည်သူ အပေါင်းတို့အနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေး ၊ တစ်ဉီးနှင့် တစ်ဉီး ခပ်ခွာခွာနေပြီး လူစုလူဝေးရှောင်ကျဉ်ရေး၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျ ဆေးကြောရေးစသည့် ကျန်းမာရေးဝန်ကြီ းဌာန၏ အသိပေး ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ ကို သိရှိလိုက်နာဆောင်ရွက်ရန် နှိုးဆော်ကြေညာခဲ့သည် ။
အဆိုပါနေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ် ပရဟိတအသင်းများမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မစည်ပင်သာယာရေးဈေးပတ်ဝန်းကျင်၊ မြို့နယ်လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)