ညောင်တုန်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စက္ကော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအန္တရာယ် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကို လည်းကောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က စာသုံးသူများအနေဖြင့် သတိပြု လိုက်နာရမည့် အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူ ရေးရာအသိပညာပေး အကြောင်းအရာများကို လည်းကောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကျော်မျိုးထက်က မူးယစ်ဆေးဝါ အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ပြသဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)