ဘုတလင် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့နံနက်ပိုင်းက ဘုတလင်မြို့ လူစည်ကားရာနေရာတို့တွင် သွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး Masks Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများတို့က မုံရွာ- ရေဦး ကားလမ်းမ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးစစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာလမ်းဆုံလမ်းမများ၊ မြို့မစျေးရှေ့တို့တွင် သွားလာနေကြသည့် ပြည်သူများအား တစ်ခါသုံးနှာခေါင်းစည်း Mask တပ်ဆင်၍သွားလာရန်၊ လူစုလူဝေးရှောင်ရှားကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အခါအားလျော်စွာထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ပညာပေးနိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများ အား mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)