ကမာရွတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကမာရွတ်  စက်တင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ ရန်ကုန်​လေ့ကျင့်​ရေးအထက်တန်း​ကျောင်း၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကမာရွတ်ခရိုင်အုပ်ချုပ်​ရေးမှူး ဦးမြင့်​ဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦး‌​ကောင်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးမြင့်နိုင်၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌သင်းသင်းနိုင်၊ လက်​ထောက်ပညာရေးမှူးဦးဆန်းထွန်းဦး၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က​လေးစောင့်​ရှောက်​ရေးအဖွဲ့ဝင်များတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊  ဆရာ၊ ဆရာမများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ထိုးနှံပေးရာ‌ ဆေးတစ်ပုလင်းလျှင်လူ(၅)ဦးထိုးနိုင်ပြီး ယနေ့တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး  ပထမအကြိမ်ထိုးနှံသူ(၄၁၂)ဦး၊ ပထမအကြိမ် Booster ထိုးနှံသူ(၁၀၅၉)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ(၇၆)ဦး စုစု​ပေါင်း(၁၅၄၇)ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

စိမ်းလဲ့(ပြန်/ဆက်)