ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ကိုင်သူများသို့ တိရစ္ဆာန် အစာနုအိတ်များ ပေးအပ်

ဇလွန် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ကိုင်သူများသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သဘာဝဘေး ကြုံတွေ့သည့်အခါ ကျေးရွာများတွင် အသုံးပြုရန် အစာနုအိတ်များထောက်ပံ့ ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်မြစ်ရေဝင် ကျေးရွာအုပ်စုများနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ကိုင်သော ကျေးရွာ အုပ်စုများဖြစ်သော ဖားလက်ခို၊ တောင်ပို့တစ်ရာ၊ နှဲမှောက်တန်း၊ နန်းတော်ကျွန်း၊ ဇော်ဂျီကွင်း၊ အထွဋ်၊ ကော့ကပ်ကြီး၊ အင်းတရော်၊ ရေလဲ၊ ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုအိတ်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ ကအသီးသီးပေးအပ်ခဲ့ကြသည်။

တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇလွန်မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ သဘာဝဘေးကြုံတွေ့သည့် ကျေးရွာများနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ကိုင်သူများသို့ အသုံးပြုရန်ဖြန့်ဖြူးသည့် နွားအစာနုအိတ် ၆၅ အိတ်နှင့် ဝက်အစာနုအိတ် ၂၅ အိတ် စုစုပေါင်းအိတ်(၉၀)ကို ပထမဆုံးအကြိမ်ဖြန့်ဖြူးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာလေးမွန်ကြည်၏ ပြောကြားချက်အရသိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)