ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေး ဟိုပန်၌ပြုလုပ်

ဟိုပန် စက်တင်ဘာ ၉

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှုပြန်လည်ဖြစ် ပေါ်လာကြောင်း၊ မိမိဒေသတွင်လည်း ကူးစက်ဖြစ်ပွားမှုမရှိရအောင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါလူနာများကုသရန် သီးခြားကုသဆောင်ပြင်ဆင်ထားရှိရေး၊မိုးလုံ လေလုံအားကစားရုံတွင် Quarantine Center များ ပြင်ဆင်ထားရှိရေး၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရှိစေရေးစနစ်တကျဆောင်ရွက်ရန်၊ လူနာတင်ယာဉ်များ အဆင်သင့်ဖြစ်အောင် စီမံထားရှိရန်၊ ကာကွယ်ဆေးအုပ်စုအမျိုးအစားအလိုက် အချိန်မီပြီးစီးအောင်ထိုးနှံရေး၊ ဌာန ဆိုင်ရာများ ရုံးများတွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်ထားရှိရေး၊ Mask တပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာ နေထိုင်ရေး စသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားနှင့်အညီလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုတင့်က ဟိုပန်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားခဲ့မှုအခြေအနေ၊ အသိပညာပေးလုပ်ငန်းဖြစ်သည့် Mask Campaign ဆောင်ရွက်မည့်အခြေအနေ၊ Mask လိုအပ်ချက်အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွှန့်က အများပြည်သူ့နှင့်ဆက်ဆံ ဆောင်ရွက်ရသည့် လုပ်ငန်းတွင် Mask လိုအပ်ချက်ရှိသည့်အတွက် ကူညီဆောင်ရွက်ပေးရေး၊ မြို့နယ်စည်ပင် သာယာရေးဌာနအမှုဆောင်အရာရှိ ဦးနိုင်မျိုးဦးက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များကို အသိပေးဆောင်ရွက်မှုအခြေအနေ၊ စည်ပင်သာယာဈေး၊ စားသောက်ဆိုင်များအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းများရေးဦးစီးဌာနမှူးဒေါက်တာပြည့်ကိုကိုက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ အောက်ဆီဂျင်စက်ရုံလည်ပတ်ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ ကိုဗစ်-၁၉လူနာကုသရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ Mask နှင့် Hand Gel ရရှိရေးဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ရောဂါရှာဖွေစစ်ဆေးပေးမှုအခြေအနေတို့ကိုလည်းကောင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးက  Mask Campaign ဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ အတွင်းရေးမှူးက ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်