အောင်လံ စက်တင်ဘာလ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က မီးဖိုချောင်သုံး စားသုံးဆီများကို အောင်လံမြို့နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆီကုန်သည်များအသင်းတို့မှ ဈေးနှုန်းသက်သာစွာဖြင့် လူတစ်ဦးလျှင် ဆီ၁ပိဿာ (၅၆၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆီပိဿာချိန် ၆၀ ပိဿာအား ရောင်းချပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းမှာ အောင်လံမြို့နယ် မီးသတ်စခန်း၊ နယ်မြေစခန်းများရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ သက်သာချောင်ချိရေးအတွက် ရောင်းချပေးခြင်းဖြစ်ပြီး အိမ်ထောင်သည်၊ လူပျို တပ်ဖွဲ့ဝင်အသီးသီးထံ ခွဲတမ်းများဖြင့် ပြန်လည်ခွဲဝေဈေရောင်းချပေးသွားကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)