တောင်ဥက္ကလာပ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီက စက်တင်ဘာ(၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဆွေနှင်းက Talk Show ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံ၌လည်း စာတတ်မြောက်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ပုံများ၊ စာတတ်မြောက်ခြင်းခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာဗဟုသုတရရှိစေရန်အတွက် ဆွေးနွေးခဲ့ရာ စာရေးဆရာမမြမဉ္ဇူဝေက မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ခေတ်အဆက်ဆက်ပြုလုပ်ခဲ့ပုံများ၊ စာတတ်မြောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်သော အကျိုးကျေးဇူးများကြောင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်း၊ စာပေသည် အသိဉာဏ်မီးရှူးတန်ဆောင်ဖြစ်သည်၊ အမှား၊ အမှန်ခွဲခြားစေသည့် ဆင်ခြင်တုံတရားများ၊ ကျန်းမာရေးအသိပညာများရှိလာစေမည့် စာဖတ်ခြင်း၊ ဗဟုသုတရှာမှီးခြင်းတို့ကို အစဉ်အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်းကို စာတတ်သော ပြည်သူများအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း (ပြန်ဆက်)