တောင်သာ စက်တင်ဘာ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်က မိုးရာသီတွင် ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီတွင်ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ မိုးရာသီတွင် ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံးအကြောင်း အသိပညာပေးနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဦးကောင်းစံဝင်းမှ မိုးရာသီတွင်ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံး အကြောင်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးကောင်းစံဝင်းမှ မိုးရာသီတွင် ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံးအကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲတွင် အစာမကြေရောဂါ၊ ဝမ်းပျက်ဝမ်းကိုက်ရောဂါ၊ သန်ကောင်တုတ်ကောင်ရောဂါနှင့် လေထိုး လေအောင့်ရောဂါ စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)