ဟင်္သာတ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုင်ငံတော်၏ အစီအစဉ်ဖြင့် မိုးစပါးစိုက်တောင်သူများအား ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးသည့် ပုလဲဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ ဆောင်းသီးနှံ(နေကြာ) စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က မိုးစပါးစိုက်ပျိုးသော တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ရခြင်းနှင့် အသုံးပြုပုံ နည်းစနစ်များ၊ ရရှိလာမည့် သီးနှံပိုမိုအထွက်တိုးလာမည့် အကျိုးကျေးဇူးများ၊ ဓာတ်မြေသြဇာ ခွဲဝေပေးအပ်မှုများအပေါ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
ယင်းနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၂၈၆၆၇) ဧကစိုက်ပျိုးသည့်အနက် ၁၉၆၈၉ ဧကစိုက် တောင်သူ (၂၄၃၀) ဦးတို့အား ပူလဲဓာတ်မြေသြဇာ (၃၀၂၆) အိတ်တို့ကို ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည့်မေးခွန်းများကို တာဝနမရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ကိုဇော်- ဟင်္သာတ