နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့)ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

နောင်ချို  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ (အခမဲ့) ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သဖန်းကိုင်းပရဟိတကျောင်း အကယ်ဒမီ ဝိပ္ပဿနာဓမ္မရိပ်သာဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲကို နမောတဿသုံးကြိမ်ရွတ်ဆိုဘု ရားကန်တော့ဖွင့်လှစ်ခဲ့ပြီး သဖန်းကိုင်း ဆရာတော်ထံမှပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် သင်တန်းသား/သူများ အားသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ သင်တန်းကိုသဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာ လင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းနည်းပြ ၈ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၂၈မှ စက်တင်ဘာလ ၁၀ ရက်နေ့ထိဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင် တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုပါစီစဉ်ဆောင်ရွက် ထားရှိပေးခဲ့ကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှသိရသည်။

ထွေးငယ်၊ပြန်/ဆက်