မချမ်းဘော့မြို့၌ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် Mask Campaign များပြုလုပ်

မချမ်းဘော့   စက်တင်ဘာ ၁2

ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ မချမ်းဘော့မြို့တွင် ကိုဗစ် - ၁၉ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်ခြင်းကို   ဂူဘားလမ်းဆုံနှင့် စည်ပင်သာယာမြို့မဈေးရှေ့ တွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၉နာရီ အချိန်တွင်ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့ယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့် မြို့နယ် ပြန်/ဆက် ဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့(ပြန်/ဆက်)