နတ်တလင်း စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က လူကုန်ကူးမှု အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုအသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့် က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်ရာ စာရေးဆရာညွန့်ဝင်း (နတ်တလင်း)မှ လူကုန်ကူးမှုဥပဒေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရည်ရွယ်ချက်များ၊ လူကုန်ကူးမှုကင်းဝေးပပျောက်ရန် လုပ်ဆောင်ရမည့်အချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထိုသို့ Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး