မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မုဒုံ စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခန့်က မုဒုံ မြို့နယ် ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၌ ပြုလုပ်သည်။

အခမ်းအနားတွင် မုဒုံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် "ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ယခင်ကထက် ပိုမိုဖြစ်ပွားလာပြီး သဘာဝဘေးအန္တရာယ်၏ ပြင်းအားများသည် ယခင်ကြုံတွေ့မှုများထက် ပိုမိုပြင်းထန်မှုကို ကြုံတွေ့ရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဒေသတွင်းမှာရှိသည့် ရှိရင်းစွဲအရင်းအမြစ်များကို ပျက်စီးဆုံးရှုံးစေပြီး ဒေသတစ်ခု၏ နေနိုင်ငံတော်အဆင့်အထိ ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို မဖြစ်ပွားအောင် တားဆီးရန် ခက်ခဲ့သော်လည်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မဖြစ်မီတွင် ကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပွားချိန်တွင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ဘေးဖြစ်ပွားပြီးချိန်တွင် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းစဉ်အတိုင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ဖြစ်သည့် ယနေ့ဖွင့်လှစ်သည့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းကို နိုင်ငံတော်၏ ပံ့ပိုးမှုနှင့်စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဖြိုးဝေဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်မှတ်တမ်း ဗွီဒီယိုခွေကို ပြသရာ တက်ရောက်လာသူများမှ ကြည့်ရှုခဲ့ကြသည်။

အဆိုပါသဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့အဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား/သူ(၃၀)ဦးဖြင့် ဖွင့်လှစ်ပြီး သင်တန်းကာလမှာ ၃ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မုဒုံသူ