ဓနုဖြူ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထက(၁) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမတွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်း ဆုံးကျောင်းများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသောဆရာ/ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် (၉)နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ ဒုတိယမြို့နယ် ပညာရေးမှူးဦးမြင့်ကျော်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊၂၀၂၂ ခုနှစ်တက္ကသိုလ် ဝင်တန်း တွင်အောင်မြင်ခဲ့ကြသော(၃)ဘာသာဂုဏ်ထူးရှင်(၈၀)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၈၅)ဦး၊(၁)ဘာသာဂုဏ်ထူးရှင် (၁၆၈) ဦးတို့အား ဂုဏ်ပြုဆုများချီးမြင့်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ သောဆရာ/ဆရာမ(၁၁၇)ဦးနှင့် အောင်ချက်အကောင်းဆုံးဆုရကျောင်း (၆)ကျောင်း တို့အား ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၅၀၀) ဦးခန့်တက်ရောက်၍ အခမ်းအနားအား ကိုဗစ် ၁၉ ဆိုင်ရာစည်း ကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)