မြောင်းမြမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

မြောင်းမြ    စက်တင်ဘာ  ၁2

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ပြည်သူများ စာပေဖတ်ရှုလေ့လာပြီး အပြန်အလှန်ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဗဟုသုတ အတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်တို့အတွက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁ဝ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ၁၈ ဦး စုပေါင်းရေးသားထားသည့် လူငယ်နှင့်ဓမ္မတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club) နာယက () ဦးခင်စိုး (မောင်ပညာ)က အမှာစကားပြောကြားပြီး၊ နာယက() ဦးကျင်စိုး  (မောင်လှိုင်းသစ်-ချစ်စရာမြေ)က ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာသည့် Book Club အဖွဲ့ဝင် စာပေချစ်သူများက စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းကို Book Club အဖွဲ့ဝင်များအပြင် စာပေစိတ်ဝင်စားသည့် လူငယ်များပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြ ခရိုင်ပြန်/ဆက်