ကျောင်းကုန်းမြို့၌ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ပညာပေးလုပ်ငန်းဆောင်ရွက်

ကျောင်းကုန်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ယာဉ်အန္တရာယ်များကင်းဝေးစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့မှ မြို့ထိပ် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းကြဖို့၊ ဦးထုပ်မပါရှိဘဲ ဆိုင်ကယ်စီးနင်းပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)