ပင်းတယမြို့နယ်တွင် မြေပဲစိုက်တောင်သူများစျေးကောင်းရရှိ၍ အဆင်ပြေ

ပင်းတယ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်သည်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နယ်မြေဒေသ တစ်ခုဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့်လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြရာတွင် ယခုအခါ မြေပဲစိုက်တောင်သူများ စျေးကောင်းရရှိ၍ မိသားစုဝင်ငွေအတွက် အဆင်​ပြေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် ကဆုန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် နှုတ်ယူခူးဆွတ်ကြောင်း၊ ရရှိလာသည့်မြေပဲအား တောင်သူများ အနေဖြင့် မိမိတို့မိသားစု စားသုံးဆီဖူလုံရေး၊ ဟင်းချက်ရာတွင် အသုံးပြုကြ၍လည်းကောင်း၊ အချို့ကျ ပွဲစားလက်ဝယ်ထံသို့ ရောင်းချကြသည်။

ပင်းတယမြို့နယ်တွင် ယခုလက်ရှိ မြေပဲဆီ (၁၀) ပိဿာ တစ်ပုံးတွင် ကျပ်တစ်သိန်းခွဲရှိကြောင်းနှင့်မြေပဲ (၁၀) ပြည်ဝင်ခွဲပုံးတစ်ပုံးလျှင် ကျပ် (၁၃၀၀၀/-)ကျပ် ရောင်းချရကြောင်း၊ ယခုနှစ်တွင် မြေပဲထွက်ရှိနှုန်းကျဆင်းနေသည်ဟု တောင်သူတစ်ဦးထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)