ဘုတ်ပြင်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ တာဆီးကာကွယ်ရေး ပူးပေါင်းအဖွဲ့များဖြင့်အရှိန်မြှင့်ဆောင်ရွက်

ဘုတ်ပြင်း  စက်တင်ဘာလ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်က လူစည်ကားရာနေရာများနှင့် လမ်းဆုံများတွင် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ခရီးသွားလာသူပြည်သူများ နှာခေါင်းစည်း Mask များ အခမဲ့တပ်ဆင်ပေးခြင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမိခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီးဖြစ်သဖြင့် ကာကွယ်ထိန်း ချုပ်နိုင်ရန်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးသတ်မှတ် စည်းကမ်းချက်များနှင့်အညီနေထိုင်ကြရန်၊ ပြည်သူများ မဖြစ်မနေအပြင်ထွက်ပါက Mask ကို စနစ် တကျတပ်ဆင်သွားလာကြရန်နှင့်ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေးအသိ ပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)