စုကလိ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ဆုံဆည်းမြိုင်ကျေးရွာရှိ အစေ့ထုတ်ပြောင်းများ အထွက်နှုန်း တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်း မှစတင်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးကြောင်း သိရှိရသည်။
စုကလိမြို့အနေဖြင့် အစေ့ထုတ်ပြောင်းများ စိုက်ပျိုးရာတွင် ဒေသတွင်းဝင်ငွေဖူလုံရုံသာမက ထိုင်းနိုင်ငံနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ကြသောကြောင့် အရည်အသွေးမြင့် အစေ့ထုတ်ပြောင်းများ ရရှိရေးအတွက် စုကလိမြို့ ဆုံဆည်းမြိုင်ကျေးရွာရှိ စိုက်ကွက်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြခြင်းဖြစ်ပြီး အထွက်နှုန်း ကောင်းစေရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
စုကလိမြို့၌ အစေ့ထုတ်ပြောင်းကို နွေရာသီနှင့် မိုးရာသီတို့တွင် စိုက်ပျိုးကြပြီး အစေ့ချချိန်မှစ၍ ခူးဆွတ်ရောင်းချရချိန်ထိ (၅) လ ကြာမြင့်ကြောင်း၊ ယခုနှစ်အတွင်း စိုက်ဧက ခုနစ်ထောင်ကျော် လျာထားစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းများ ရည်မှန်းအထွက်နှုန်းကျော်လွန်စေရေးနှင့် တစ်ဧကအထွက်နှုန်း (၈၉) တင်းအထက်ထွက်ရှိနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရှိရသည်။
ပိုပိုအောင်