မန်တုံမြို့တွင် (Mask)များ အခမဲ့ ဝေငှ၍ ကျန်းမာရေးအသိပညာပေးဆောင်ရွက်

မန်တုံ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ဒေသခံပြည် သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် (Mask) များ စနစ်တကျ တပ်ဆင်နိုင်ရေးအတွက် ယနေ့နံနက်() နာရီအချိန်က ပြည်သူများ အများဆုံး သွားလာရာနေရာများတွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ(Mask Campaign) ဆောင်ရွက်မှုတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံရဲတပ်ဖွဲ့ဝင်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မန်တုံပြည်သူ့စစ် (ဌာနေ) ပူးပေါင်းအဖွဲ့က ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ (Mask)တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားပြီး (Mask)တပ်ဆင်ထားခြင်းမရှိသော ပြည်သူများအား (Mask)များ အခမဲ့ဖြန့်ဝေပေးပြီး   (Mask)နှာခေါင်းစည်း တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)