ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

ဟိုပန်  စက်တင်ဘာ ၁၂

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဟိုပန်မြို့၊ မြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့မဈေးသို့ လာရောက်သော ပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အသံချဲ့စက်ဖြင့် အသိပညာပေးနိုးဆော်ခြင်း၊ ဈေးအတွင်း ဈေးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့လှည့်လည်၍ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ယနေ့တွင် ဟိုပန်မြို့မဈေးအတွင်း ဈေးသွား ဈေးပြန်ပြည်သူများနှင့် ဈေးရောင်းချသူများကို  နှာခေါင်းစည်း(Mask) (၁၀၀၀)ခု အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)