လွိုင်လင် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ လွိုင်လင်မြို့ပေါ်၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ပြည်သူများက ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကာသွားလာကြရန် အသိပညာပေးကာ Mask များအခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာလ ၁၂ ရက် နံနက်(၁၀)နာရီက မြို့မဈေးကြီးရှေ့ နာရီစဉ်တွင်ပြုလုပ်သည်။
ထိုသို့ ပါးစပ်နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေရာတွင် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်စိုး၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး မိုးမြင့်အောင်၊ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး သန်းဇော်ဌေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး