ပလောက် စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မူလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြစ် နယ်လှည့် စာကြည့် တိုက်စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်ပြသခြင်းနှင့် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ စာပေကိုအလွယ် တကူလေ့လာ ဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ စကားပုံစာအုပ်များ၊ ဂျာနယ်များစသည့် ကလေးများအသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)