ဝမ်းတွင်း စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲတော-ဝမ်းတွင်း)တွင် ယနေ့နံနက်ပိုင်းက နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ရာတွင် နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အလေးထားလိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်အတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားကြရန် စသည့် ရည်ရွယ်ချက်များဖြင့် Mask Campaign ကို ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး ဦးဆောင်၍ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး Mask အခုရေ ၁၅၀၀ ဝေငှပေးခဲ့ကြောင်း သိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)