စလင်း စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွက် နိုင်ငံဝန်ထမ်းပင်စင်စားများနှင့် နိုင်ငံရေးပင်စင်စားသက်ကြီးဘိုးဘွားများအား ကျေးလက်ဒေသများအရောက် မြန်မာ့စီးပွားရေးဘဏ် စလင်းမြို့နယ် ဘဏ်ဝန်ထမ်းများက ယမန်နေ့က သက်ကြီးဘိုးဘွားများလက်ဝယ်အရောက် ပင်စင်လစာငွေများကို သွားရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းသက်ကြီးဘိုးဘွားများနှင့် နိုင်ငံရေးပင်စင်စားများကို သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ကျန်းမာရေး၊ လူမှုရေးကိစ္စနှင့်အကြောင်းအမျိုးမျိုးကြောင့် သြဂုတ်လကုန်အထိ ထုတ်ပေးခဲ့ရာ ကျန်းမာရေးမကောင်း၍ လာရောက်မထုတ်ယူနိုင်သည့် ဆင်ကျုံး၊ တမာချောင်၊ ရွာသစ်၊ ပေါင်းဆည်၊ သစ်ခွင်၊ အုန်းတော၊ လင်းဇင်း၊ ဆည်ကန်၊ ကံပြားကျေးရွာတို့မှ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စား အသက်ကြီးအမျိုးသမီး အဘွား(၉)ဦး၊ အသက်ကြီးအမျိုးသား(၄)ဦး၊ စုစုပေါင်းအသက်ကြီးအဘိုးအဘွားပင်စင်စား (၁၃)ဦးတို့အား မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ကျန်းမာရေး၊ လူမှုရေး၊ အလှူအတန်းကိစ္စများလှူဒါန်းအသုံးပြုနိုင်စေရန် စိတ်စေတနာဖြင့် ကျေးရွာများအရောက် သွားရောက်၍ အသက်ကြီးအဘိုးအဘွားများလက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မောင်လွင်(ပြန်/ ဆက်)