သိန္နီမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ ကဗျာ/စာစီစာကုံးပြိုင်ပွဲကျင်းပ

သိန္နီ  စက်တင်ဘာ   ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့ဆရာများနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ကျောင်းပေါင်းစုံ   ကဗျာ / စာစီစာကုံး ပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်က သိန္နီမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေစင်ခန်းမတွင် ကျင်းပခဲ့သည်၊၊

ထိုသို့ ကျင်းပရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၏ ကြီးကြပ်မှုဖြင့် သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲတွင်  ကျောင်းသား/ကျောင်းသူ(၁၅)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၇)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်၊၊ ယင်းသို့ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကမ္ဘာ့ဆရာများနေ့ကို အစဉ်သတိရနေစေရန်၊ ဗဟုသုတတိုးပွားစေရန်နှင့် ယှဉ်ပြိုင်လိုစိတ်ဖြင့် ကြိုးစားမှုများရှိလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး နောင်လာမည့် အထိမ်းအမှတ်နေ့များတွင်လည်း ထို့ကဲ့သို့ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်၊၊

မြို့နယ်(ပြန်/ဆက်)