ကော့ကရိတ်မြို့တွင် အသားငါးနှင့်ဟင်းသီးဟင်းရွက်များ သက်သာစျေးနှုန်းဖြင့် ရောင်းချပေး

ကော့ကရိတ် စက်တင်ဘာ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊  ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ နယ်မြေခံတပ်မတော်သားများနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက လှိုင်ဝကျေးရွာ ဘောလုံးကွင်းတွင် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် မင်းမင်းကို၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များကို စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ကြက်ဥ(၁)လုံး ၁၇၅ ကျပ်၊ ကြက်သား(၁) ပိဿာ ၇၀၀၀ ကျပ်၊ ဝက်သား(၁)ပိဿာ ၉၀၀၀ ကျပ်ကြက်သွန်နီ/ ကြက်သွန်ဖြူ (၁)ပိဿာ ၃၀၀၀ ကျပ်၊ အားလူး(၁)ပိဿာ ၂၀၀၀ ကျပ်နှင့်ဟင်းသီးဟင်းရွက်အမျိုးစုံကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)