လမိုင်း စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ လမိုင်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုဆောင်း(Booster) တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လမိုင်းမြို့မြို့မ(၂)ရပ်ကွက် မုနိပါလခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်အထက် (၂)ကြိမ် ထိုးနှံပြီး (၆)လ ပြည့်သူများအား တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်း၊ (၃) ကြိမ် ထိုးနှံပြီး (၆)လပြည့်သူများအား စတုတ္ထအကြိမ် ထပ်ဆောင်းထိုးနှံပေးခဲ့ပါသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်မာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ ပူပေါင်း၍ ဆေးထိုးနှံရန်လာကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။ အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ပုံမှန်အနေအထားရှိသူများကိုသာ ဆေးထိုးပြီး မိနစ်(၃၀) အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ဖြူဖြူအေး (ပြန်/ဆက်)