မိုင်းယု စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူတို့ကို ကိုဗစ်-၁၉ကာကွယ်ဆေး(booster) တတိယအကြိမ် ထိုးနှံပေးမှုကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စုရပ်နေရာတို့တွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနအဖွဲ့၊ မီးသတ်တပ်ဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးအဖွဲ့တို့က မြို့မရပ်ကွက်အုပ်စု၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်စုနှင့် တာကြန့်ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူတို့အား စုရပ်နေရာတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(booster)တတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်