လဲချား စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နမ့်တုတ်ကျေးရွာ၊ ဖာလံကျေးရွာနှင့် ပန်တန်ကျေးရွာအုပ်စုများရှိ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ကြီးကြပ်ရေးကော်မတီ(၅)ဦးတို့မှ နမ့်တုတ်ကျေးရွာအုပ်စု၊ ဖာလံကျေးရွာအုပ်စုနှင့် ပန်တန်ကျေးရွာအုပ်စုတို့ရှိ အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ လဲချားမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ဆောင်ရွက်ရာတွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုတို့ ဆောင်ရွက်ခဲ့ပြီးကြောင်း သိရသည်။
လဲချား(ပြန်/ဆက်)