ပြည်ကြီးမဏ္ဍိုင်မြို့တွင်မသန်စွမ်းသူများဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်    စက်တင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community  Centre) ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာအသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ကပြုလုပ်ခဲ့သည်။

အဆိုပါ   မသန်စွမ်းသူများဆိုင်ရာအသိပညာပေး Talk Show  ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မသန်စွမ်းသူများနှင့်ပတ်သက်၍ ပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှတဆင့် အသိပညာပေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအားပြော ကြားသည်။

ဆက်လက်၍ဘုတ်ပြင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းအကြောင်းအရာများ၊ မသန်စွမ်းသူများအကြောင်းနှင့် ဉာဏ်ရည်ချို့ယွင်းနေသောသူများအားဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ထားရှိမှုစသည့် မသန်စွမ်းသူများဆိုင်ရာ ကိစ္စရပ်များကို ကျယ် ကျယ်ပြန့်ပြန့်သိရှိစေ ရန်အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)