မင်းလှ စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ စိုက်ပျိုးထုတ်လုပ်မှု မြင့်မာရေးအတွက် တောင်သူများအား စိုက်ပျိုးရေးနည်းပညာပေး သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်က စိုက်ပျိုးရေးနည်းပညာပေး သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများက နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်ထိ စပါးသီးနှံ၊ ဆောင်းသီးနှံနေကြာစိုက်ခင်များ အောင်မြင်ဖြစ်ထွန်းရန် နည်းပညာများ ပို့ချခြင်း၊ သဘာဝပိုးသတ်ဆေးနှင့် အားဆေးများ ထုတ်လုပ်မှု နည်းပညာများပို့ချခြင်း၊ သုံးသီးစိုက်ပျိုးသည့် တောင်သူများ ရွေးချယ်အသုံးပြုခဲ့သော သက်တမ်းတို အထွက်ကောင်း မတ်ပဲ၊ ပဲတီစိမ်း၊ စပါးများကို နမူနာပြသခဲ့ကြောင်း၊ ကျေးရွာအုပ်စုများမှ စိုက်ပျိုးရေးကို စိတ်ဝင်စားသည့် တောင်သူ(၄၀) ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)