ဝမ်းတွင်း စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်ဆောင် းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝမ်းတွင်း(၁)တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအနေဖြင့် ပထမအကြိမ်၊ ဒုတိယအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကျန်ရှိ သည့်ကျောင်း သားကျောင်းသူများကိုလည်း ထပ်မံထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေပြီး စိတ်အေးချမ်းသာစွာဖြင့် ပညာကိုသင်ကြားနိုင်စေရန် ရည်ရွယ်၍ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စေတနာလုပ်အားရှင်များ၊ ပြည်သူများပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)