သရက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးရက်တို သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။ ယင်းသင်တန်းတွင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာနည်းဗျူဟာ(၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့် လူကုန်ကူးမှုကို ကြိုတင်ကာကွယ်ရေး၊ ဥပဒေဖြင့်အရေးယူးရေး၊ အကာအကွယ်ပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့်လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်