ဂွမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ဂွ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အိုမီခရွန်မျိုး ရိုးဗီဇပြောင်းရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယနေနံနက် ၈ နာရီအချိန်က မြို့မစျေး၊ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် သွားလာနေကြသော ဒေသခံပြည်သူများ၊ စျေးဝယ်သူများအား Mask Campaign အခမဲ့ဖြန်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကူးစက်မြန် ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီ ဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်နှင့် ကိုဗစ်- ၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့်  Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့တပ်ဆင်ပေးခြင်းများပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော် (ပြန်/ ဆက်)