တောင်သာမြို့ မြို့မစည်ပင်သာယာဈေး၌ Mask Campaign ပြုလုပ်

တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် ယနေ့နံနက်(၈)နာရီက မြို့မစည်ပင်သာယာဈေးအနီးပတ်ဝန်းကျင်နှင့် မြို့မဈေးအတွင်း၌ Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စဉ့်ကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြု လုပ်ခဲ့သည်။

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်များဆက်လက် ရောင်းချပေး

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆန်တစ်ပြည်ငွေ (၁၀၀၀)ကျပ်နှုန်း ဖြင့် ယနေ့နံနက်ပိုင်းတွင် ဆန်များစျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က မွှန်းညောင်ပင်သာကျေးရွာ ကျန်းမာရေးဌာနခွဲတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌  YouTube Maker အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီက YouTube Maker ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။

ချောင်းသာ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့အဝင် ချောင်းသာ-ရွှေသောင်ယံလမ်းခွဲ၌ ဆောင်ရွက်ခဲ့သည်။

နွားထိုးကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် Mask Campaign ပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ မြို့မအထက်တန်းကျောင်းနှင့် အ.ထ.က နွားထိုးကြီးတို့တွင် ယနေ့နံနက်  ၉ နာရီက နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့  အမှတ်(၂)ရပ်ကွက် ဆုံကုန်းအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊   ပထမ(၃)လပတ်အတွက်  ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ထောက်ပံ့ငွေလက်ခံရရှိသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ရမည်းသင်းမြို့နယ်မြို့မဈေးကြီးလူစည်ကားသည့်နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ရမည်းသင်းခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ကုသရေးကော်မတီ အစီစဉ်ဖြင့် နှာခေါင်းစည်း mask  Campaign အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့မဈေးကြီး လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
Subscribe to