မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်း Mask ဖြန့်ဝေခြင်း ဆောင်ရွက်

အထက်မင်းလှ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများအဖွဲ့မှ ယနေ့နံနက် ၇ နာရီခွဲက ဇေယျာသီရိ‌ဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မုဒိတာပရဟိတအသင်းအဖွဲ့တို့မှ ဇေယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်လာသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန်တို့ကို Hand Speaker ဖြင့် အသိ‌ပေးကြေညာခဲ့ပြီး၊ နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)