ရွှေတောင် စက်တင်ဘာ ၁၃
ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ သရက်တောအ.ထ.ကကျောင်းတွင် ယမန်နေ့နေ့လည်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး တိုင်းရင်းဆေးမှူးဒေါ်နီလာမြင့်က မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရမည့်နည်းလမ်းများအကြောင်း၊ နည်းစနစ်မှူး ဒေါ်သပြေက ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
ဆက်လက်၍ကျောင်းသား၊ ကျောင်းသူလေးများကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "မိအေးချက်သည့်ဟင်းတစ်ခွက်" စက္ကူပြဇာတ်ပြသပေးပြီးရုပ်သံ (၃)ဒေါ်အေးအေးခိုင်မှ" ဟန်ဒါ၏ အံသြဘွယ်လက်ဆောင်"ပုံပြင်စာအုပ်ကိုပြောပြခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်နံရံကပ်စာစောင်၊ ရေဘေးလေဘေးအသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)